ကျွန်တော်ကြားရသလောက်သတင်းကတော့ မြန်မာတစ်နိုင်ငံလုံးက ကျွန်တော့်တို့ရဲ့ ကိုဇော်ဂျီ ကိုအမြစ်ဖြတ်ပြီး
Myanmar 3 Unicode ကိုအသုံးပြုတော့မယ်လို့ကြားပါတယ်..... အခုလက်ရှိတောင် အစိုးရဌာန များမှာ Myanmar 3 ကိုပြောင်းလဲလိုက်ပြီလို့ သိရပါတယ် ဒါကြောင့် ကျွန်တော်
myanmar3 ရိုက်လို့မရတဲ့သူငယ်ချင်းတွေကျနော် ပေးထားတဲ့ အဆင့်လေးတွေအတိုင်းလုပ်ကြည့်ပါ...
အဆင့်(၁)...ဒီနေရာမှာ လောလောဆယ် update ဖြစ်နေတဲ့ myanmar3 font နဲ့ အက္ခရာကီးဘုတ်ကို ဒေါင်းလုတ် လုပ်ပါ.... ပေါ်လာတဲ့ page download ဆိုတာလေးကိုနှိပ်ပြီးအောက်ဆုံးက myanmar3 font file နဲ့ Ekaya keyboard and myanmar3 fonts installer ကိုဒေါင်းလိုက်ပါ....ပြီးတော့ myanmar3 font ကို Control panel\Fonts ဖိုဒါထဲသွားထည့်လိုက်ပါ....ပြီးရင် အက္ခရာကီးဘုတ်ကို install လုပ်ပါ....အက္ခရာကီးဘုတ်ကို install လုပ်တဲ့အခါ အောက်က ပုံလေးမှာ ပြထားတဲ့အတိုင်း myanmar3 unicode 5.2 keyboard ကိုရွေးပေးဖို့မမေ့ပါနဲ့....
အဆင့်(၂)...ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲ့အတွက်လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် လုပ်ပေးထားကြပါတယ်... အဲလို ရိုက်လို့ရနိုင်ဖို့အတွက်က
၁။ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်...
၂။ ဒေါင်းလုတ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ...
၃။NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေးကို တွေ့ရမှာဖြစ်ပါတယ်.... မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 =Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ... .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်...
သတိထားရန်.... NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး...
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေးက ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည်အသုံးပြုလို့ရမှာဖြစ်ပါတယ်...
အဆင့်(၃)...ဒီနည်းလမ်းကတော့ အက္ခရာကီးဘုတ်ကို အသုံးပြုခြင်းပါ... 32bit, 64bit ၀င်းဒိုးတွေကို အဆင်ပြေအောင် လုပ်ပေးထားခြင်းပါ....
အက္ခရာကီးဘုတ် layoutကတော့ ကျနော်တင်ထားပေးပါတယ်..လိုရမယ်ရ ပြည့်စုံသွားအောင်တခါတည်းတင်ပေးလိုက်ပါတယ်...
Myanmar 3 Unicode Install လုပ်နည်း..... ~ Phyolay နည်းပညာ >>>>> Download Now
ReplyDelete>>>>> Download Full
Myanmar 3 Unicode Install လုပ်နည်း..... ~ Phyolay နည်းပညာ >>>>> Download LINK
>>>>> Download Now
Myanmar 3 Unicode Install လုပ်နည်း..... ~ Phyolay နည်းပညာ >>>>> Download Full
>>>>> Download LINK RJ