Showing posts with label Tool. Show all posts
Showing posts with label Tool. Show all posts

Sunday, February 19, 2012

Walaoke 2.20(Karaoke Tool...)



Walaoke 2.20 | 5.06 Mb

karaoke ဆိုလို့ရတဲ့ software လေးတခုပြန်ရှယ်လိုက်ပါတယ်ဗျာ...သူ့ရဲ့လုပ်ဆောင်ချက်တွေကိုလဲဖော်ပြပေးလိုက်ပါတယ်...
Karaoke Player :
  • · Live camera as background.
  • · Video file as background including (AVI, WMV, MPG, MPEG2, RMVB and more)
  • · Play KAR, LRC
  • · Play MP3+G with transparency overylaying video.
  • · Play video files: AVI, Mpeg and the option to use your video or the original video.
  • · Windowed or fullscreen display
  • · Playlist management (Winamp compatible)
  • · Reserved list
  • · USB remote control support for numeric song selection
  • · Ability to customize font color to distinguish male, female, duet karaoke singing.
  • · Lyrics file can be use with MP3, MPG, AVI, RMVB, or any combination.

  • အသေးစိတ်ကိုတော့ ကျွန်တော်မရှင်းပြတော့ပါဘူး ကျွန်တော် လင့် 2မျိုးနဲ့တင်ထားပါတယ်
  • အဆင်ပြေတဲ့လင့်ကနေ ဒေါင်းယူနိင်ပါတယ်ခင်ဗျာ


အဆင်ပြေနိုင်ကြပါစေခင်ဗျာ

Friday, March 18, 2011

Windwo 7 short tool

သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။

1. Drag to Desktop
တစ်ခါတစ်လေ အင်တာနက်မှာ သွားရင်းလာရင်း ပုံလှလှတွေ တစ်ပုံတစ်အောကြီး တွေ့တဲ့အခါ မိမိစက်ထဲမှာ သိမ်းထားချင်တတ်ကြပါတယ်။ အဲဒီအခါ တစ်ပုံချင်းကို Right Click နဲ့ တစ်ပုံချင်းသိမ်းတဲ့အခါ ပုံနည်းရင်တော့ ပြဿနာမရှိဘူးပေါ့။ ပုံများလာရင် စိတ်ညစ်မှာပေါ့။ ဒီလိုအခါမျိုးမှာဆို မြန်မြန်သိမ်းလို့ရအောင် ပုံလေးကို Click လေးထောက်ပြီး Desktop ပေါ်ဆွဲတင်လိုက်တာနဲ့ Desktop မှာ Safe ပြီးသား ဖြစ်သွားမှာပါ။ ကဲ ဘယ်လောက်မြန်လဲ။


2. Extend Option in Send to
နောက်တစ်ခုက Extend Option ကိုချဲ့ထွင်တဲ့ နည်းလမ်းလေးပါ။ မိမိတို့ သိမ်းချင်တဲ့ အရာတစ်ခုကို တစ်နေရာကနေ တစ်နေရာကို ရွေ့ထားချင်တဲ့အခါ Send to လေးနဲ့တစ်ခါတည်း ရွေ့လို့ရပါတယ်။ မိမိရွေ့ပြောင်းချင်တဲ့ တစ်ခုခုပေါ် Shift လေးထောက်ပြီး Right Click ကနေ Send to ကို ကြည့်လိုက်ရင် သွားလို့ရတဲ့ နေရာတွေ အများကြီးထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။


3. Run as Administrator
Cmd ကိုဖွင့်တဲ့အခါ Run as administrator နဲ့ ဖွင့်လိုတဲ့အခါ Cmd လေးကိုထောက်ပြီး Ctrl+Shift ပေါင်းနှိပ်ပြီး Click လုပ်ြပီး Run လိုက်ရင် Run as administrator အနေနဲ့ တစ်ခါတည်း ပွင့်သွားပါတယ်။


4. Quick Search
Folder တွေထဲမှာ သိမ်းထားတာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ရှာချင်ရင်တော့ မိမိရှာချင်တဲ့ Folder ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်လေးက Search Box လေးမှာ (*) လေးကို အသုံးပြူပီး ရှာလို့ရပါတယ်။ ရှာနည်းကတော့ avi ကိုရှာချင်ရင် *.avi, pdf ကိုရှာချင်ရင် *.pdf ဆိုပြီး ရှာလို့ရပါတယ်။ နောက်တစ်ခုက Size အနေနဲ့လည်း ရှာလို့ရပါတယ်။ ရှာနည်းကတော့ Size: လို့ရိုက်လိုက်တာနဲ့ ဘယ်လောက်ဆိုဒ်ကနေ ဘယ်လောက်အတွင်း ရှာချင်သလဲဆိုတာ အလိုလျောက် တစ်ခါတည်းပေါ် လာပေးမှာဖြစ်ပါတယ်။ (Search Code တွေလည်း အများကြီး ရှိပါသေးတယ်)။


5. Drag To Mail
ဒါလေးကတော့ မိမိမေးပို့စဉ် Attach လုပ်မယ့်အရာကို မြန်မြန်ဆန်ဆန် ဖြစ်အောင်ဆွဲထည့် နိုင်တဲ့ နည်းလမ်းလေးပါပဲ။ ပို့ချင်တဲ့ အရာတစ်ခုကို ပိုမယ့်လိပ်စာဖြစ်တဲ့ To ဆိုတဲ့နားလေးရောက်အောင် Drag ဆွဲထည့်လိုက်တာနဲ့ Attach လုပ်ပီးသား ဖြစ်သွားပါပီ။


Windows ကို ကျွမ်းကျင်စွာ အသုံးပြူတတ်ဖို့ တတ်နိုင်သမျှ စုစည်းဖော်ပြပေး လိုက်တာပါ။ အားလုံး အဆင်ပြေကြပါစေ။