Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

Monday, August 6, 2012

Email ကိုစိတ်ချစွာ အသုံးပြုနိုင်ရန်




အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူး။ ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။

တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ့ တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မှာပေါ့နော် ) အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။

win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။

ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။

မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ၀င်တဲ့ ၀က်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မ၇ပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ၀င်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။

Thursday, April 5, 2012

Gtalk မှာ ပုံတွေ အလိုလို ပြောင်းချင်တဲ့ Gtalk-Shell


 

ဒီဆော့လေးကတော့ Gtalk မှာပုံတွေအလိုလို ပြောင်းစေချင်ရင်တော့ ကျွန်တော် Gtalk-Shell လေးကိုအသုံးပြုရမှာပါ အောက်မှာ ကျွန်တော်တင်ထားပေးပါတယ်။

အသုံးပြုနည်း။    ။

  • Gtalk Shell ကိုအင်စတောလုပ်ပါ ပြီးရင် 
  • Gtalk အပေါ်မှာပါတဲ့ Shell ဆိုတာလေးကို ကလစ်ပေးပါ ပြီးရင်
  • Options ကိုသွားပါ ဘယ်ဘက်မှာရှိတဲ့ Avatar ဆိုတာလေးကို နှိပ်ပြီး
  • Add ကိုနှိပ်ပါ ပုံရှိတဲ့ နေရာကနေ ပုံထည့်ချင်တဲ့ပုံများကိုယူလိုက်ပါ.တစ်ပုံနဲ့ တစ်ပုံ ပြောင်းလဲချိန် ကိုလဲ ချိန်လိုရပါတယ်။
  • Interval(Seconds)လေးမှထားချင်သလောက်ထား လိုရပါတယ်ပြီးရင် OK နှပ်လိုက်ပါ။
  • ပြီးရင်တော့ သယ်ရင်းရဲ့ Gtalk မှာ ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းနေတာတွေရမှာပါ။



သယ်ရင်းများအလိုရှိပါက ဒီမှာ ဒေါင်းပါ  




 



  

Friday, March 30, 2012

InBox ထဲက Message တွေကို တပြိုင်နက် ဖျက်မယ်

 
လုပ်နည်းက လွယ်ပါတယ်. Inbox ထဲက ဟာကို အရင် delete လုပ်မယ်. ပြီးတာနဲ့ trash ထဲကနေ အပြီးဖျက်ပစ်မယ်.
  1. Inbox ကို နှိပ်ပါ
  2. Select All ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
  3. Select All conversation in inbox (? = email အစောင်ရေစုစုပေါင်း)
  4. ပြီးတာနှင့် Delete ကို နှိပ်ပေးလိုက်ပါ.
  5. "This action will affect all ? conversations in inbox. Are you sure you want to continue? " ဆိုပြီးတော့ Message Box ပေါ်လာရင်တော့ Ok ပေးလိုက်ပါ . (? = email အစောင်ရေစုစုပေါင်း)
အခု Inbox ထဲက မေးလ်တွေ ဖျက်ပြီးသွားလို့ Trash ထဲကို ရောက်နေတဲ့ မေးလ်တွေကို အပြီးတိုင် ဖျက်ပစ်တော့ပါမယ်.
  1. Trash ကို နှိပ်ပါ
  2. Select All ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
  3. Select All ?  conversation in trash (? = email အစောင်ရေစုစုပေါင်း)
  4. ပြီးတာနှင့် Delete Forever ကို နှိပ်ပေးလိုက်ပါ.
  5. "Confirm deleting Messages" ဆိုပြီး Message box ပေါ်လာရင် Ok ပေးလိုက်ပါ.
ကဲ ဒါဆိုရင်တော့ ညီဖျက်ချင်တဲ့ မေးလ်တွေကို ခဏလေးနဲ့ ဖျက်လို့ ရသွားပါပြီ. အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်.





















 
 အဆင်ပြေနိုင်ကြပါစေခင်ဗျာ အဆင်မပြေတာလေးများရှိရင် comm ပေးပြီးပြန်လည် ညှိနိုင်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။။။။။။

Monday, March 19, 2012

Gtalk ဖြင့် IP ကြည့်နည်း

အခုကျွန်တော်သိတာလေး ကတော့ အကယ်၍ တစ်ဖက်ကသာ Gtalk ကို Proxy သို့ Tunneling လုပ်ပြီး မသုံးဘူးဆိုရင်တော့ နေရာ အတိအကျကို သိဖို့ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းအတွက် လိုအပ်ချက်တစ်ခုက တစ်ဖက်ကလူကို Call လက်ခံအောင် လုပ်ရပါမယ်။
ပထမဆုံး Settings > Connection အောက်မှာ


Monitor
ဒီ Windows ပေါ်လာပါမယ်။


Connection Monitor
ပြီးရင် ကိုယ်သိချင်တဲ့ Contacts ကို ခေါ်ပါ။


 
Call Contacts
Call လက်ခံပါက လိုအပ်တဲ့ Data တွေ တက်လာပါ့မယ်။


Connection Monitor
ထို့နောက် IP Address Locator Google မှာရှာပြီး ခုနက IP Address ကို ကူးပေးလိုက်ရင် Geographic Location ထွက်လာပါမယ်။ ဥပမာ Geobytes ကို ကျွှန်တော်သွားပြီး ကျွှန်တော့်သူငယ်ချင်းရဲ့ IP Add ကို သူတို့ပေးထားတဲ့ Web Services ကနေ စစ်လိုက်တာပါ။


အဆင်ပြေနိုင်ကြပါစေ လို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ အဆင်မပြေတာများရှိရင် ပြန်လည် commant ပေးဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

Tuesday, January 24, 2012

Connection ကျနေစဉ် Gmail Gtalk Error ပြနေရင်



အဖွဲ့ဝင်များအားConnection ကျနေစဉ် Gtalk,Gmail
ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.(Gmail မှာ ဖွင့်လိုက်တိုင်း Basic Html view နဲ့ပဲဖြစ်ဖြစ်နေတယ်.)ဆိုလို့ရှီရင်လဲအဆင်ပြေနိုင်မယ်လို့မျှော်လင့်မိပါတယ် ......... Gmail မှာ ဖွင့်လိုက်တိုင်း Basic Html view ကိုတော့ကျွန်တော်1ခါမှမကြုံဘူးတော့ နဲနဲစဉ်းစားရခက်နေတယ်

Gmail ဖွင့်လိုလျှင်-

-mozilla ကို ဖွင့်ပါ။

-mozilla ထဲက Tools ကိုဖွင့်ပါ။

-Tools ထဲက Options ကိုနှိပ်ပါ။

-Options ထဲက Advanced ကိုနှိပ်ပါ။

-Advanced ထဲက settings ကိုနှိပ်ပါ။

-Settings ထဲက manual poxy ကို နှိပ်ပါ။

-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်

212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်

443 ကိုရိုက်ထည့်လိုက်ပါ။

*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်
use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
post box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************

poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, အစားထိုးလို့ရပါတယ်ခင်ဗျာ Post box ထဲမှာတော့ 433 ပဲရိုက်ထည့်ရမှာ ဖြစ်ပါတယ်


အဆင်ပြေကြပါစေခင်ဗျာ အဆင်မပြေမပြေတာများရှီရင်ပြန်လည်မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Monday, January 23, 2012

Facebook Video Chat ချင်သူများအတွက်

Jul 6, 2011 11:00 AM မှာဘဲ Facebook Founder Zuckerberg က Facebook Conference မှာ
ပြောကြားလိုက်ပါတယ်။ ဒီ Video chat က Facebook တခုဘဲကလုပ်တာ မဟုတ်ဘဲ Skype နဲ့ ပူးတွဲလုပ်ဆောင်တာဖြစ်ပါတယ်။ အရင်က တွေ့နေရတဲ့ Facebook video chat က Facebook ကပြုလုပ် တာမဟုတ်ဘဲ ဒီအတိုင်း user တွေလုပ်တာပါ။ အခုဟာကတော့ Facebook ကနေ တရားဝင်လုပ်လိုက်တဲ့Video Chat ဖြစ်ပါတယ်။
REF: http://www.pcworld.com/article/235127/facebook_and_skype_partner_on_video_calling.html
ဘယ်လိုလုပ်ရမလဲဆိုတော့
http://www.facebook.com/videocalling ကိုသွားပါ။






ပြီးတော့ facebook plugin ကို Download လုပ်ပြီး install လုပ်ပါ။
သယ်ရင်းတို့အတွက်လွယ်ကူမြန်ဆန်စွာလိုအပ်ပါက အောက်တွင် Download Link လေးကိုကလစ်ပြီးဒေါင်း ယူနိုင်ပါတယ်ခင်ဗျာ


Facebook Video Chat Download

MediaFire Click To Download Link



အဆင်ပြေကြပါစေခင်ဗျာ အဆင်မပြေတာများရှိရင် ပြန်လည်ညှိနှိုင်းဆွေးနွေးနိုင်ပါသည်a

Wednesday, December 21, 2011

Gmail အကောင့် သစ်ကို မြန်မာနိုင်ငံမှာဖွင့်ရန်

Ultrasurf နဲ့ Gmail account အသစ်ဖွင့်နည်းလေးပါ...သိပြီးသားသူတွေအတွက်တော့ မဟုတ်ဘူးပေါ့....အခုလက်တလောကျွန်တော်တို့မြန်မာပြည် မှာဖြစ်နေတာက Gmail account အသစ်ကိုလွယ်လွယ်နဲ့ဖွင့်လို့မရတဲ့ပြသနာပါ...တချို့အခုမှအင်တာနက်သုံးလို့ Gmail account လိုချင်သူတွေ..တချို့ကျတော့ ကိုယ့်ရဲ့ Gmail account ပျက်သွားလို့အသစ်ဖွင့်ချင်သူတွေ....တချို့ကတော့ account အများကြီးလိုချင်တဲ့ ဦးကြူကြူ ဒေါ်ကြူကြူ တွေအတွက်ပါ....... ပြီးတော့အခုတလောဂျာနယ်တွေ စာစောင်တွေထဲမှာ အကောင့်ရောင်းနေကြတဲ့ကြော်ငြာ လေးတွေတွေ့နေရလို့ အားလုံးအဆင်ပြေစေချင်တဲ့စေတနာနဲ့ ဒီပို့စ် လေးကိုရေးရခြင်းပါ.....ဟိုးယခင် အကောင့်တွေဖွင့်လိုရနေတုန်းကတော့ အကောင့်တခုလိုချင်လို့ အင်တာနက်ဆိုင်မှာ ဖွင့်ခိုင်းရင် ၂၀၀ကျပ်လောက်ပေးရင်ရပါတယ် အခုတော့ ၃ ၄ ၅ထောင်လောက်ပေးနေရတယ်လို့ ကြားတယ်..... Google ကနေ Free ပေးထားတဲ့ Service ကိုအခုလို လုပ်စားနေကြတာတော့ မကောင်းပါဘူး.... အရင်ကဆိုရင် ကျွန်တော်လဲ နီးစပ်ရာသူငယ်ချင်းတွေကို ဒီ Ultrasurf နဲ့အကောင့်ဖွင့်ပေးပါတယ် ဒါပေမယ့်အချို့က ကျွန်တောဖွင့်ပေးတဲ့အကောင့်ကို ပြန်ရောင်းစားတယ်တဲ့လေ ကောင်းကြသေးရဲ့လား အဲ့ဒါကြောင့် သူငယ်ချင်းအားလုံး အကောင့် ကိုယ်တိုင်ဖွင့်လိုရအောင် Share ပေးခြင်းပါ ဒါမှလဲအကောင့်ရောင်းတဲ့ကိစ္စတွေ ပျောက်သွားမယ်လို့ထင်ပါတယ်......ပြီးတော့လဲကိုယ်တိုင်ဖွင့်တဲ့အကောင့်ကစိတ်ချလက်ချသုံးနိုင်မှာပါ တခြားသူဖွင့်ပေးတဲ့ အကောင့်ကိုသုံးရင် ကိုယ်က Recovery mail တို့ Security Question တို့ကိုမပြောင်းထားပဲသုံးနေရင်အချိန်မရွေးပြန်ယူသွားနိုင်ပါတယ်... ကဲစမ်းကြည့်ကြရအောင် အရင်ဆုံးအောက်မှာတင်ထားတဲ့ ဒေါင်းလုတ်လင့်လေးတွေကနေ Ultrasurf ၄ခုတင်ထားပေးပါတယ်တခုမရရင်တခုနဲ့စမ်းပြီးလုပ်ကြည့်ကြပါ.....ဖိုင်ဆိုက်လဲမကြီးပါဘူး တခုကို 1MB လောက်ပဲရှိပါတယ်...

http://ifile.it/lgfz13c/U95.exe ClickHere



http://ifile.it/qgjsnw6/u1014.exe ClickHere
http://ifile.it/3ma7ghk/U1015.exe ClickHere
http://ifile.it/4n5kb3r/U1016.exe ClickHere

ဒေါင်းပြီးသွားရင်တော့ရလာတဲ့ ဖိုင်လေးခုထဲကတခုကို ဖွင့်ပါ..


Contacting server လို့ပေါ်လာပါမယ်...



uccessfully connected to server လို့ထပ်မံပေါ်လာပြီး
ခနနေရင် ညာဘက်ထောင့်မှာမှာသော့ပုံလေးနဲ့ Internet Explorer ပွင့်လာပါလိမ့်မယ် (အကယ်လို့ connection မကောင်းတဲ့အချိန်မှာဆိုရင်တော့ connecting fail လို့ပေါ်လာပြီး Internet Explorer ပွင့်မှာမဟုတ်ပါဒါဆိုရင်တော့ connection ကောင်းတဲ့အချိန်မှထပ်မံစမ်းကြည့်စေလိုပါတယ်) ပြီးရင်
www.gmail.com > Create an account ဒါမှမဟုတ်ဒီအောက်ကလင့်လေးကိုပွင့်လာတဲ့ Internet Explorer မှာ copy paste လုပ်ပြီးအကောင့်အသစ်ကိုဖွင့်ရပါမယ်...

https://accounts.google.com/NewAccount?service=mail&continue=ht...

အကောင့်အသစ်ကိုဖွင့်မယ်ဆိုရင်သတိပေးချင်တာက လိုအပ်တဲ့အချက်အလက်တွေထည့်တဲ့နေရာမှာ
Recovery mail ကိုမဖြစ်မနေထည့်ပါ အဲ့ဒီ Recovery mail ကလဲကိုယ့်ရဲ့ကိုယ်ပိုင်မေးလ် လက်ရှိသုံးနေတဲ့ active ဖြစ်တဲ့မေးလ်
ကိုထည့်တာပိုကောင်းပါတယ်... Location နေရာမှာ United State ( Myanmar လိုယောင်ပြီးတောင်မထည့်မိပါစေနဲ့ ထည့်တာနဲ့ရလာတဲ့အကောင့်ဟာမေးလ် သုံးတာနဲ့ပျက်သွားမှာပါ..ဘာလို့လဲမမေးနဲ့ကျွန်တော်လဲမသိဘူး)
Birthday နေရာမှာ လ ရက် နှစ် အစဉ်လိုက်ထည့်ပါ..လ ရက် နှစ် ကြားတွေမှာ / ခံပေးရပါမယ် ( ဥပမာ ၅လပိုင်း ၁၆ရက် ၁၉၉၇ခုနှစ်မွေးသူဆိုရင် 5/16/1997 လို့အပြည့်အစုံ ထည့်ပေးရမှာပါ..အချက်အလက်တွေဖြည့်ပြီးပြီဆိုရင်တော့ အားလုံးသိကြတဲ့
အတိုင်း I accept create my account ကိုကလစ်လိုက်ပါကလိုချင်တဲ့အကောင့်ကိုရသွားမှာဖြစ်ပါတယ်ခင်ဗျား....

အဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်

Saturday, October 29, 2011

Gtalk ရဲ့အသုံးဝင်မှူများ



Gtalk ကနေ မြန်မာပြည်မှ ပြည်ပကို ဖုန်းခေါ်မလား။ ပြည်ပကနေ မြန်မာပြည်ကို ခေါ်မလား။ ဒါမှ မဟုတ် မြန်မာပြည်နဲ့ ပြည်ပ ဖုန်းနှစ်လုံး ချိတ်ဆက်အသုံးပြုမလား။ မြန်မာပြည်ဖုန်းကနေ ပြည်ပဖုန်းကို ခေါ်မလား။

အဲဒီဝန်ဆောင်မှုတွေကို www.bamartalk.com မှာ အသုံးပြုလို့ရပါတယ်။ register လုပ်ပြီး အသုံးပြုရပါမယ်။ အသုံးပြုရမည့် နည်းလမ်းများကိုလဲ အသေးစိတ် ဖော်ပြထားပါတယ်။ မိမိကိုယ်တိုင်တော့ မစမ်းသပ်ဖူးတဲ့အတွက် မသိပါ။ သို့ပေမယ့် သတင်းကောင်းဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေပါစေ။

Monday, September 12, 2011

Gmail တိုက်ခိုက်ရန်မှကင်းဝေးအောင်

Gmail Wall Page အတုတွေကြောင့်ပါ


ယခုအခါWebmail တစ်ခုဖြစ် Gmail မှာ Phishing Attack လို့ခေါ်တဲ့ Gmail အတုအယောင် Login Page တစ်ခုကို ဖန်တီး ထားပြီး အသုံးပြုသူရဲ့ ဂျီမေးလ် Password တွေကို ရယူသွားတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။
ဒါကြောင့် လက်တွေ့မြင်သာတဲ့ ကွဲလွဲချက်တချို့ကို သတိထားနိုင်ဖို့ အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
၁။ ဂျီမေးလ် Login Page ရဲ့ Address Bar ကို သတိထားကြည့်ပါ။ Google.com လိပ်စာဖြစ်ရပါမယ်။
၂။ GMail Logo ရဲ့ အစစာလုံး G ရဲ့ အရောင်ဟာ မင်ပြာရောင်ဖြစ်ပါတယ်။ Trademark ပုံရဲ့အောက်က စာတန်းလည်း လွဲနေတတ် ပါတယ်။ ပုံမှာကြည့်ပါ။
၃။ အောက်ပုံမှာ ပြထားတဲ့အတိုင်း ဂျီမေးလ် Login Page ရဲ့ လက်ယာဘက်မှာ ရှိတဲ့ Text & Icon ပုံများ လွဲနေတတ်ပါတယ်။
၎။ ဂျီမေးလ် Login Page ရဲ့ အောက်နားမှာရှိတဲ့ စာတန်းမှာ Copyright သင်္ကေတရဲ့ နောက် 2011 လို့ စာနဲ့ရိုက်ထားပါတယ်။
အတုအယောင် အီးမေးလ်မှာ 2010, 2009 စသဖြင့် ဖော်ပြတတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Google Mail Login Page ဟာ လွဲမှားနေရင် သင့်ရဲ့စက်ကို ဗိုင်းရပ်စ်စစ်ဆေးတာတို့၊ လိုအပ်မယ့် Security Update တွေ လုပ်တာတို့ ပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။