Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, August 6, 2012

Email ကိုစိတ်ချစွာ အသုံးပြုနိုင်ရန်




အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူး။ ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။

တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ့ တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မှာပေါ့နော် ) အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။

win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။

ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။

မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ၀င်တဲ့ ၀က်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Savepassword ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မ၇ပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ၀င်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။

Sony Ericsson Live With Walkman WT19I Root

လက်ရှိလူငယ်တွေကြားမှာ ခေတ်စားနေတဲ့
Sony Ericsson Live with Walkman WT19I
ကို root လုပ်ပြီး Fontchanger နဲ့ အသုံးပြုပြီး မြန်မာဖောင့်ထည့်နည်းလေးပါ။
root လုပ်ပြီး မြန်မာစာဖောင့်အတွက် fontchanger ကိုအသုံးပြုတာ ဖုန်းမှာ
original ပါတဲ့ Japanese,Chinese font တွေကို ပြန်ပြီးအသုံးပြုချင်တဲ့သူတွေအတွက်
အသုံးပြုတာပါ။
fontchanger နဲ့ အခုနည်းလမ်းလေးက Sony Ericsson WT19I ကို ဖုန်း OS ပြန်မတက်တာတွေမဖြစ်ပါဘူး။
Android version 2.2 (Froyo) firmware နှင့်အထက် အခြား Android Phone တွေမှာလဲ
အခုနည်းလမ်းနဲ့ Root လုပ်လို့ရပါတယ်။
Sony Ericsson Android OS သုံးဖုန်းတွေမှာ root လုပ်ဖို့ မိမိကွန်ပြူတာမှာ
sony ericsson companion sofware ပထမဆုံး Install လုပ်ထားဖို့လိုပါတယ်။
Driver Install လုပ်မထားပဲနဲ့ Root လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။
root လုပ်ဖို့အတွက် လိုအပ်တဲ့ root tool များကို download ဆွဲပါ
sony ericsson companion sofware အားရယူရန်
media fire ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
ဥပမာ အနေနဲ့ root လုပ်မဲ့ Sony Ericsson WT19I ရဲ့အချက်အလက်ပါ

Model number
WT-19i
Android version
2.3.4
Baseband version
8z55A-AAABQoAZM-203028D-58
kernel version
2.6.32.9-oerf
SEMCUser@SEMCHost#1
Build number
4.0.2.A.0.58

Sony Ericsson WT19I ကို root လုပ်ပြီး မြန်မာဖောင့် ထည့်နည်း
အဆင့် ၁ :
Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၂ :
Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင် ကိုဖြည်ပါ။
အဆင့် ၃ :
Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
Phone Setting>>Applications>>Unknown sources နှင့် Development>>မှ
USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ :
ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို
ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ :
Root button ကို ကလစ်နှိပ်ပေးပါ။
root အတွက် Super One Click က အချိန် စက္ကန့် ၂၀ အလုပ်လုပ်နေပါလိမ့်မယ်
Root install has completed! Would you like run a test ? box ပေါ်လာလျှင်
No ကိုရွေးပြီး ကလစ် နှိပ်ပေးပါ။
အခုအဆင့်တွေ မှန်ကန်စွာပြီးရင်တော့ မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်သွားပါပြီ။
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။

Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်

Root ကို အောင်မြင်စွာ ပြလုပ်ပြီးပြီဆိုလျှင် မြန်မာစာဖောင့်ထည့်ဖို့အတွက် ရှေ့ဆက်သွားလိုက်ရအောင်
Fontchanger ကိုသုံးပြီး မူရင်း Japanese,Chinese font မပျောက်အောင် မြန်မာဖောင့်ထည့်နည်း
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုမနှိပ်ပဲ
Power button ကိုနှိပ်ပြီး Power ပိတ်ပေးပါ။
( fontchanger နဲ့ ဖုန်းကို restart ချပေးလျှင် ဖုန်းပြန်အတက်မှာ
တခါတလေ ဖုန်းပြန်မတက်တာတွေ ဖြစ်မှာစိုးလို့ပါ )
ကျွန်တော်ကတော့ အခုနည်းလမ်းလေးနဲ့ ပြုလုပ်ပါတယ်။
Power ပိတ်သွားပြီဆိုလျှင် ၁ မိနစ်လောက် ခဏစောင့်ပေးပါ။
ပြီးလျှင် Power button ကိုပြန်နှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ။



fontchanger.apk အားရယူရန်


Root Explore.apk အားရယူရန်


Busybox.apk အားရယူရန်


Zawgyi_One.ttf font အားရယူရန်


မြန်မာစာကီးဘုတ် အားရယူရန်

Sony Ericsson Live with Walkman WT19I ကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းအတွက်
အခုနည်းလမ်းလေးနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။
အားလုံးကို ကျေးဇူးလျှက်ပါ

Saturday, April 7, 2012

CD/DVD Driver ပြောက်နေခဲ့ရင်

မိမိကွန်ပျူတာမှာ တစ်ခါတစ်လေ အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drive ပျောက်သွားမယ်ဆိုရင် ဘယ်လိုပြန်ဖော်မလဲဆိုတာ ကျနော် ကြုံတွေ့ရလို့ ပြန်လည်မျှဝေတာပါ။ ဒါက vista window သုံးသူများအတွက် ပါ။ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် ဖြေရှင်းတဲ့နည်းလေးပါ။


  • နည်းလမ်း(၁)
  • System restore ပြန်လုပ်တဲ့နည်း။ ထုံးစံအတိုင်း search box မှာပဲဖြစ်ဖြစ်၊ all program> accessories> system tool> system restore ကိုပဲဖြစ်ဖြစ် ဖွင့်ပြီး system restore လုပ်ပါ။
  • နည်းလမ်း(၂)
  • My computer မှ right click> manage> box တစ်ခု ပေါ်လာရင် Device manager ကို click နှိပ်ပါ။ နောက် CD/ DVD Drive အောက်က CD/DVD Device ကို right click> uninstall လုပ်ပါ၊ တကယ်လို့ enable +Disable အကွက်မှာ enable ဖြစ်နေရင် Disable ပေးပြီး ကွန်ပျူတာကို restart လုပ်ပါ။
  • နည်းလမ်း(၃)
  • အပေါ်က (၂) နည်းနဲ့ အဆင်မပြေရင် registry editor မှာ ဖိုင်ကို ၀င်ဖျက်တဲ့နည်းပါ။ ဒီနည်းကတော့ registry မှာ ၀င်ဖျက်မှာ ဖြစ်တဲ့အတွက် သတိထားရပါမယ်။ ဒီအဆင့်မ၀င်ကို file backup လုပ်ထားပါ။ကျနော့် laptop မှာတော့အပေါ်က နည်းလမ်းများနဲ့ မရဘဲ ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်။ win+R> run> regedit> Hkey local machine> system>current control set>control> class >{4D36E965-E325-11CE-BFC1-08002BE10318}
  • ဒီဟာလေးကို တွေ့အောင်ရှာပါ။
  • ပြီးရင် select လုပ်ပါ။ နောက် ဘေးဘောက်စ် ထဲမှာ lower fliters နဲ့ upper filters ဆိုတာ တွေ့ရင် lower filters ကို right click နှိပ်ပြီးတော့ Delete လိုက်ပါ။ restart လုပ်ပါ။ CD/ DVD Device ပြန်ပေါ်လာလိမ့်မယ်။


အဆင်ပြေနိုင်ပါစေခင်ဗျာ အဆင်မပြေတာလေးများရှိရင်ပြန်လည် ညှိနှိုင်းနိုင်ပါသည်.. ကွန်မန်းလေးထားခဲ့ကြပါခင်ဗျား .....

Wednesday, April 4, 2012

နိုင်ငံကျော် သြဇာညောင်းသူ တို့ကိုမဲပေးကြပါစို့



နာမည်ကျော်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ http://www.time.com ကနေ ကမ္ဘာ့အာဏာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ မှာ မဲပေးကြပါရန် ဆန္ဒပြုအပ်ပါသည်။ မည်သို့သောအကြောင်းကြောင့် မဲရွေးသည်ဖြစ်စေ။ ကျွန်တော်တို့ မြန်မာပြည်က အခု လွှတ်တော်ကိုယ်စားလှယ်က အနိုင်ရလိုက်တဲ့ NLD က အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန် နှစ်ဦးကို အဲ့ဒီ့ ရွေးချယ်ပွဲမှာ ပါဝင်နေပါတယ်. ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်နေ မြန်မာပြည်ကြီး ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဦးသန်းစိန်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ပါတယ်. ပြီးတော့ ဒီမိုကရေ စီနိုင်ငံဖြစ်အောင် အခုလိုမျိုး စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ခဲ့ပြီး ယခုလို အနိုင်ရပါတီ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အမေစု ကိုလည်း အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်. နိုင်ငံရေးဖက်မှာ စိတ်ဝင်စားမှု့မရှိဘူးဆိုပေမယ့် အခုရွေးချယ်ပွဲမှာ မြန်မာပြည်က သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးဟာ ငါးပုံပုံရင် ၂ ပုံလောက်မှာ ရောက်နေပါတယ်. သူများတွေ မဲပေးထားတာ သိန်းကျော်ပါတယ်. အခုအချိန်အထိ မြန်မာနိုင်ငံက ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ် နှစ်ဦးရဲ့ နာမည်ကတော့ အောက်ဆုံးနီးပါးမှာ ရောက်နေပါတယ်. အဲ့အတွက်ကြောင့် မြန်မာပြည်က ဘယ်သူပဲဖြစ်ဖြစ် ထိတ်ဆုံးပါ ရောက်အောင် မဲပေးပေးကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်. ဒါမှသာ အော်မြန်မာပြည်မှာလဲ ထောက်ခံသူ များနေပါလား ဆိုတာကို အသိအမှတ်ပြုကြမှာပါ. ဒီစာကို အတတ်နိုင်ဆုံး ဖြန့်ဝေပေးဖို့အတွက် တောင်းဆိုလိုပါတယ်. မဲက သဘက်ခါဆိုရင် (Friday, April 6 2012) ဆိုရင် မဲပိတ်ပါပြီ။ အမြန်ဆုံးသာ မဲပေးပေးကြပါ။ ယခုလက်ရှိအနိုင်ရရှိနေသောသူရဲ့ ရမှတ်နဲ့ ထောက်ခံမဲကို သိချင်ရင်တော့ ဒီမှာ ကြည့်လိုက်ပါ။



Occupation: Burmese President

When Burma's military regime, which has ruled in one form or another since a 1962 coup, announced it would transfer power to a quasi-civilian government, few took the brutal junta seriously. The new President, installed last March, is a former general, after all. But Sein shocked the world by releasing political prisoners and meeting with Burmese opposition leader Aung San Suu Kyi. Could Sein be Burma's Gorbachev?

ကျွန်တော်တို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို မဲပေးချင်လျှင် ဒီကို သွားပါ

(သို့မဟုတ်)

http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html

ကို သွားပါ။ ပြီးလျှင် အောက်က အပေါ်ဆုံးမှာ ပြထားတဲ့ ပုံလို ထောက်ခံလျှင် Definitely ကို အမှန်ခြစ်ပြီး SUBMIT ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်.

===============================




Occupation: Burmese opposition leader
Just two years ago, the democracy icon was under house arrest, part of her nearly two decades spent locked up by the country's ruling junta. But since Burma's surprising transition to a quasi-civilian government, Suu Kyi is running for a seat in the April 1 legislative by-elections. A single seat in parliament might not seem like much, but for the Nobel laureate whose nonviolent commitment to freedom has inspired countless others, the symbolism of finally joining the government would be truly revolutionary.

NLD ခေါင်းဆောင် အမေစု(ခ) ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်လျှင် ဒီကို သွားပါ။

(သို့မဟုတ်)

http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2109619,00.html

ကို သွားပါ။ ပြီးလျှင် အောက်က အပေါ်ဆုံးမှာ ပြထားတဲ့ ပုံလို ထောက်ခံလျှင် Definitely ကို အမှန်ခြစ်ပြီး SUBMIT ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်.

(နိုင်ငံခြားသား အများစုဟာတော့ သူတို့နိုင်ငံက လေးစားတဲ့ ပုဂ္ဂိုလ် တွေကို ကိုယ်စီ မဲပေးနေကြပါတယ်. ကျွန်တော်တို့လဲ မြန်မာနိုင်ငံက ထိပ်ဆုံးမဟုတ်တောင် 1 to 10 ထဲ ပါရင် ရပါပြီ.)

အားလုံးပဲ မဲအမြန်ပေးပေးဖို့ ဆန္ဒပြုနှိုးဆော်လိုက်ပါတယ်. ဒါကနိုင်ငံရေးမဟုတ်ပါဘူး. တကမ္ဘာလုံးမှာရှိတဲ့ ကျော်ကြားတဲ့ သူတွေကို ရွေးချယ်ပြီး မဲပေးခိုင်းတာဖြစ်တဲ့အတွက် မြန်မာပြည်က ပါစေချင်ပါတယ်. မဲပိတ်တော့ပါမယ် (၂)ရက်ပဲကျန်ပါတော့တယ်. အမြန်မဲပေးလိုက်ကြပါ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ နိုင်ငံခြားသားတွေ မြန်မာပြည်က နိုင်သွားတယ် ထိပ်ဆုံးက ရောက်သွားတယ် ဆိုရင်တော့ မြန်မာပြည်ဆိုတာကို အလိုလို သိလာမှာပါ။

Tuesday, April 3, 2012

URL (သို့) Direct Link ပြုလုပ်ပုံ

URL or Dircct Link ဆိုတာကို သိပ်နားမလည်သူတွေ အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်...

ဓါတ်ပုံလှလှလေးတွေကို ကိုယ့်ကွန်ပျူတာမှာ ထည့်ထားပြီး Photobucket ထဲမှာ URL or Dircct Link အဖြစ် ပြောင်းလဲခြင်းလေးကို ဒီနေ့ ကျွန်တော်ပြောပြချင်ပါတယ်...
ပထမ ဦးစွာ http://register.photobucket.com/step1 ဒီလင့်လေးကို သွားပြီ အကောင့်တစ်ခုပြုလုပ်ပါ ....

  Photobucket

Sign me Up ကို ကလစ်ပေးပြီး အကောင့်ဖောက်ရမှာ ဖြစ်ပါတယ်...
တစ်ချို့က အသုံးပြုပြီးသား အီးမေးကြောင့် နာမည်ကြောင့် မရဖြစ်နေတတ်ပါတယ်
အဲ့ဒီအခါ အီးမေး ပြောင်းပေးခြင်း နာမည်ပြောင်းပေးခြင်းများ
ပြုလုပ်ပေးလျှင် အကောင့်ဖောက်လို့ရလာမှာ ဖြစ်ပါတယ်...

အကောင့်ဖောက်လို့ရပြီ ဆိုရင်...
ဒီလိုလေးဖြစ်သွားပါမယ်

  Photobucket

Uplod ရယ် ကိုယ့်နာမည်ရယ်ကို တွေ့ ရပါလိမ့်မယ်
Uplod ကို ကလစ်ပေးပြီး ကိုယ့်ကွန်ပျူတာထဲမှာ ကိုယ်လိုချင်သော ဓါတ်ပုံကို ဆလပ်ပေးပြီး အက်ပလုတ် လုပ်ယူရပါမယ်....

 
Photobucket

Uplod လုပ်နေစဉ် အချိန် အနည်းငယ်စောင့်ဆိုင်း လို့ 100%ပည့်ပြီဆိုရင် ဒီအတိုင်းလေး မြင်ရမှာ ဖြစ်ပါတယ်...

  Photobucket

Upload complete! လေးပြလာရင် အောက်သို့ ဆွဲချ ကြည့်လိုက်ပါ ကိုထည့်ထားသည့် ပုံလေး
ပေါ်လာတာကိုတွေ့ ရပါမယ် ...ပုံလေးဘေးမှာ Save and continue to my album

ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...


Photobucket

ကလစ်လိုက်တာနဲ့ မျိုး တို့ လိုချင်တဲ့ URL or Direct Link ကို ရရှိပြီ ဖြစ်ပါတယ် ....
နောက်ထပ် ပုံများကို လိုချင်လျှင်လည်း ပထမ အတိုင်း Upload now ဆိုတဲ့ အပေါ်နားက အစိမ်းရောင် စာလေးကို ကလစ်ပြီး ကွန်ပျူတာထဲမှ ဓါတ်ပုံများကို ရယူရမှာ ဖြစ်ပါတယ်...





အဆင်ပြေပါစေလို့မျှော်လင့် ပါတယ် ................

Friday, March 30, 2012

InBox ထဲက Message တွေကို တပြိုင်နက် ဖျက်မယ်

 
လုပ်နည်းက လွယ်ပါတယ်. Inbox ထဲက ဟာကို အရင် delete လုပ်မယ်. ပြီးတာနဲ့ trash ထဲကနေ အပြီးဖျက်ပစ်မယ်.
  1. Inbox ကို နှိပ်ပါ
  2. Select All ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
  3. Select All conversation in inbox (? = email အစောင်ရေစုစုပေါင်း)
  4. ပြီးတာနှင့် Delete ကို နှိပ်ပေးလိုက်ပါ.
  5. "This action will affect all ? conversations in inbox. Are you sure you want to continue? " ဆိုပြီးတော့ Message Box ပေါ်လာရင်တော့ Ok ပေးလိုက်ပါ . (? = email အစောင်ရေစုစုပေါင်း)
အခု Inbox ထဲက မေးလ်တွေ ဖျက်ပြီးသွားလို့ Trash ထဲကို ရောက်နေတဲ့ မေးလ်တွေကို အပြီးတိုင် ဖျက်ပစ်တော့ပါမယ်.
  1. Trash ကို နှိပ်ပါ
  2. Select All ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
  3. Select All ?  conversation in trash (? = email အစောင်ရေစုစုပေါင်း)
  4. ပြီးတာနှင့် Delete Forever ကို နှိပ်ပေးလိုက်ပါ.
  5. "Confirm deleting Messages" ဆိုပြီး Message box ပေါ်လာရင် Ok ပေးလိုက်ပါ.
ကဲ ဒါဆိုရင်တော့ ညီဖျက်ချင်တဲ့ မေးလ်တွေကို ခဏလေးနဲ့ ဖျက်လို့ ရသွားပါပြီ. အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်.





















 
 အဆင်ပြေနိုင်ကြပါစေခင်ဗျာ အဆင်မပြေတာလေးများရှိရင် comm ပေးပြီးပြန်လည် ညှိနိုင်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။။။။။။

Saturday, March 24, 2012

Windows 7/ Vista to Boot Into Safe mode without using F8

  • windows 7 နှင့် ဗီဇာတို့မှာ safe mode ဖြင့် boot လုပ်ရာတွင် F8 နှိပ် မရပါက အောက်ပါအတိုင်း စမ်းသပ်ကြည့်နိုင်ပါတယ်ခင်ဗျာ အဆင်မပြေတာလေးတွေရှိ ရင်လဲပြန်လည် ညှိနှိုင်း ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ သယ်ရင်းတို့ boot လုပ်ရာတွင်

  • F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။
  • ( ၁ ) Start Button ကို click ပါ။
  • ( ၂ ) Search box (or) Ran မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
  • ( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
  • ( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
  • ( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။







( ၆ ) ပြီးရင် Restart ပေးပါ။








(၇) ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ uncheck ပေးပါ။







ဒါမှ process က ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ။ အဆင်ပြေပါစေ ခင်ဗျာ အဆင်ပြေနိုင်ကြပါစေခင်ဗျာ 

Monday, March 19, 2012

Gtalk ဖြင့် IP ကြည့်နည်း

အခုကျွန်တော်သိတာလေး ကတော့ အကယ်၍ တစ်ဖက်ကသာ Gtalk ကို Proxy သို့ Tunneling လုပ်ပြီး မသုံးဘူးဆိုရင်တော့ နေရာ အတိအကျကို သိဖို့ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းအတွက် လိုအပ်ချက်တစ်ခုက တစ်ဖက်ကလူကို Call လက်ခံအောင် လုပ်ရပါမယ်။
ပထမဆုံး Settings > Connection အောက်မှာ


Monitor
ဒီ Windows ပေါ်လာပါမယ်။


Connection Monitor
ပြီးရင် ကိုယ်သိချင်တဲ့ Contacts ကို ခေါ်ပါ။


 
Call Contacts
Call လက်ခံပါက လိုအပ်တဲ့ Data တွေ တက်လာပါ့မယ်။


Connection Monitor
ထို့နောက် IP Address Locator Google မှာရှာပြီး ခုနက IP Address ကို ကူးပေးလိုက်ရင် Geographic Location ထွက်လာပါမယ်။ ဥပမာ Geobytes ကို ကျွှန်တော်သွားပြီး ကျွှန်တော့်သူငယ်ချင်းရဲ့ IP Add ကို သူတို့ပေးထားတဲ့ Web Services ကနေ စစ်လိုက်တာပါ။


အဆင်ပြေနိုင်ကြပါစေ လို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ အဆင်မပြေတာများရှိရင် ပြန်လည် commant ပေးဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

Wednesday, March 14, 2012

What Is Demo's???????

ဒီမိုကရေစီ၏အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကိုပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီး ဆင်းစေခြင်းပင်ဖြစ်သည်။
 
▲۩ လွတ်လပ်စွာ တွေးခေါ်မှု۩▲
ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာ တိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့ အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူဘယ် ၀ါရဲ့ ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။
ဒါကြောင့် အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ် တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။

▲۩ လွတ်လပ်စွာ ပြောဆိုမှု۩▲
လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့် လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး ၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာ လွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင် ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။

▲۩ လွတ်လပ်စွာရေးသားခွင့်۩▲
အသိအလိမ္မာ ၊ ဥာဏ်ပညာဟာ ဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာ ဥာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊ လူတိုင်းအသိဥာဏ် ၊အဆင့်အတန်း မြင့်ဖို့လိုပါတယ်။ လမ်းမှန်ကို စဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကို ပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထု ဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဥာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။ လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာ များကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာ မကွယ်မထောင့် ၀ံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေးခေတ်မျိုးတွင် ပါတီ သံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။ သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။

▲۩ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်۩▲
ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမက လွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့ လုပ်ပိုင်ခွင့်မရှိကြဘူး။

▲۩လူထုဆန္ဒ۩▲
များရာနိုင်တိုင်း မှန်သလား၊ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဥာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။ အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘ၀လိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဥာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက် တွေ့ဘ၀မှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။
ဒီမိုကရေစီ၏ ဖြစ်စဉ်ကို အကျဉ်းချုပ်လေ့လာမည်ဆိုလျှင် လွန်ခဲ့သည့် ဘီစီ (၇၅၀)ခန့် ဂရိမြို့ပြနိုင်ငံများတွင်စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမြို့ပြနိုင်ငံများတွင် အရွယ်ရောက် သည့် နိုင်ငံသားတိုင်း တိုက်ရိုက်စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ဖြစ်ပါသည်။ ထိုခေတ်တွင် အေသင်နိုင်ငံ ငယ်သည် ဒီမိုကရေစီစနစ် အထွန်းကားဆုံးဖြစ်သည်ဟု ဆိုပါသည်။ အေသင်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ဒီမိုကရေစီစနစ်ဟု ခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အေသင်မြို့သူ ၊မြို့သားအားလုံးသည် ကျယ်ဝန်းသည့်တစ်နေရာတွင် စုရုံးတွေ့ဆုံပြီး မဲပေးဆုံးဖြတ်သည့်စနစ်ကြောင့် ဖြစ်ပါသည်။ ထိုဂရိမြို့ပြ နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားသည့် ကာလမှာ ကျေးပိုင် ကျွန်ပိုင်ခေတ် အဆင့်သာရှိပါသည်။ ထိုကာလ တွင် ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်ပိုင်ရှင်များသာ ခံစားခွင့်ရှိပါသည်။ (ကျေးကျွန်များတွင် ဒီမိုကရေစီ မရှိပါ) လူတိုင်းတူညီသည့် အခွင့်အရေး မရရှိခဲ့ကြပါ။ ဤအပေါ်အကြောင်းပြု၍ ဒီမိုကရေစီသဘောတရားကို အနောက်ဥရောပနိုင်ငံ များ  က လက်တွေ့ဘ၀နှင့် ပေါင်းစပ်ပြီး အဆင့်ဆင့်ထူထောင်ကျင့်သုံးလာခဲ့ခြင်း ဖြစ် ပါသည်။ ယနေ့ ဒီမိုကရေစီနှင့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီတို့သည် လွန်စွာခြားနားပါသည်။
ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဖြစ်ပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် အခြေခံအကျဆုံးဖြစ်၍ အများဆုံးအသုံးပြုကြပါသည်။ ထိုအဓိပ္ပါယ်ကို အဓိကပြင်ဆင်ချက်အနေဖြင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်မှုကို   ဆောင်ရွက်ကြရာ   တွင် ပြည်သူ တို့က တိုက်ရိုက်မလုပ်ဆောင်ကြဘဲ ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကို လုပ်ဆောင်ကြသည်ဟု ဖွင့်ဆိုနိုင် သည်။ အချုပ်မှာ ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဆောင်ရွက်ကြသော အုပ်ချုပ်မှုသာလျှင်ဖြစ်ပေသည်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏အကြိုက်ကိုလိုက်၍ ဆောင်ရွက်သည်ဟု ဆိုရပေမည်။ ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ သို့သော် ထိုအဖြစ်မျိုးကို အမြင့်ဆုံးစံအဖြစ်ထား၍ ထိုစံကို မီနိုင်သ၍မီရန် ဒီမိုကရေစီအစိုးရများ မည်မျှ ဒီမိုကရေစီ   အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌ အောင်မြင်မှုအတိုင်းအတာသည် လွယ်ကူစွာ ခန့်မှန်း၍မရနိုင်ပေ။ မည်ရွေ့မည်မျှ အောင်မြင်သည်ဟူ၍ တိုင်းတာနိုင်ရန် အချက်သုံးချက် ရှိသည်။ ယင်း တို့သည် အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည်ဟူ၍လည်းကောင်း ၊ရွေးကောက်ပွဲတွင် ပြည်သူတို့မည်မျှ စိတ်ဝင်စားစွာ မဲပေးကြသည်ဟူ၍လည်းကောင်း ၊ ရွေးကောက်ပွဲမှာဖြစ်စေ ၊ အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်းဟုလည်းကောင်း ဖြစ်ပေသည်။ အတော်အသင့် ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမျိုးသည် အောက်ပါအာမခံချက် ရှစ်ချက်ရှိနေမှသာ တည်မြဲနိုင်ပေ မည်။
အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင် ခွင့် ။
လွတ်လပ်စွာ မိမိ၏အာဘော်ကို ဖော်ပြနိုင်ခွင့် ။
လွတ်လပ်စွာ မဲပေးနိုင်ခွင့် ။
ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံနိုင်ခွင့်။
နိုင်ငံရေးခေါင်းဆောင်တို့အဖို့ မိမိ၏ပါတီကို ပြည်သူတို့ ထောက်ခံမဲပေး စေရန် အပြိုင်အဆိုင် မဲဆွယ်ခွင့် ။
သတင်းများကို အစိုးရဌာနများမှအပ အခြားဌာနများထံမှ ရနိုင်ခွင့် ။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခွင့် ။
အစိုးရမူဝါဒများကို ပြဌာန်းမည့်အဖွဲ့အစည်းများ၏ မဲဆန္ဒနှင့် အခြားဆန္ဒ များပေါ်တွင် တည်ရှိနိုင်ခွင့် တို့ဖြစ်သည်။
ရည်ညွှန်းကိုးကား
↑ ကမ္ဘာ့နိုင်ငံရေးအတွေးအမြင်သမိုင်း၊ သစ္စာနီ
↑ နိုင်ငံရေးအဘိဓာန်၊ အတွဲ (၁)၊ NCGUB
ကိုကြည်ဝင်း..

◘○◙♂♀♪♫☼

hahaha Gtalk Virus !!!

hahaha Gtalk Virus !!!

hahaha Gtalk Virus !!!

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ ဒီမှာhttp://www.mediafire.com/?mkm2jmy2m4 -zဒီမှာဒေါင်းလိုက်ပါ

၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို Restartချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ ခင်ဗျားစက်မှာ ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါ။ နောက်များ သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါ။

Sunday, March 11, 2012

Myanmar OS PC အကြောင်း

HV -  မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်မှုတစ်ရပ် သာလွန်လင်းနစ် Myanmar OS ယနေ့တွင်ထွက်ရှိပြီး အခမဲ့ဖြန့်ဝေနေသည်ဟု သိရသည်။    
သာလွန် မြန်မာ OS
သာလွန်ဆိုတာ မြန်မာ့သမိုင်းထဲက standardization ကို နားလည် တန်ဖိုးထားတဲ့ မြန်မာဘုရင် သာလွန်မင်းကြီးရဲ့ အမည်ကို ယူထားတာပါ။ သာလွန်ဆိုတာ မြန်မာလိုအသုံးပြုနိုင်တဲ့ Operating System တစ်ခုဖြစ်ပါတယ်။ သာလွန် OS မှာ ပါဝင်တဲ့ application တွေဟာ မြန်မာလိုမြင်ရအောင် Myanmar L10nteam မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ Download ရယူသုံးစွဲနိုင်ပါတယ်”ဟု သာလွန် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းအစီအစဉ်ကို လပေါင်းများစွာကစိတ်ကူးပုံဖေါ်ခဲ့ပြီး အဓိကဦးစီလုပ်ဆောင်နေသူမှာ solveware solution မှ ကိုငွေထွန်း ဖြစ်သည်။
သာလွန် OS ကို ပြည်တွင်းပြည်ပရှိ မြန်မာစာသုံး ကွန်ပြူတာ လည်ပတ်မှုစနစ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် ထောက်ခံအာပေးသူများ စုပေါင်းကာ လွန်ခဲ့သော မေလက စတင်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် အစမ်းသုံးဖြန့်ဝေခဲ့ရာ ယနေ့ ၁၁၊ ၁၁၊ ၁၁ ရက်နေ့မှာ ဗါရှင်းအပြည့် အခမဲ့ဖြန့်ဝေနေသည်။ ဤနေရာ တွင်ရယူနိုင်ပါသည်။
လင်းနစ်အသုံးပြုနေသူ မောင်းဖိုးကြည်ကတော့ သာလွန် မြန်မာလင်းနစ်နှင့် ပတ်သက်ပြီး “ဗမာလိုဖြစ်သွားတာ သုံးရတာ အဆင်မပြေတာတွေတော့ရှိတယ် ဥပမာပြောရရင် package တွေသွင်းရတာ အဆင်မပြေဘူး၊ source file တွေက ဗမာလိုနားမလည်ဘူး manual install မှ အဆင်ပြေမယ် သာမာန် အသုံးပြုသူတွေအနေနဲ့ကတော့ နည်းနည်းကွကျတယ် ကြိုးစားထားတာဂုဏ်ယူဖို့ကောင်းတယ် လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး” ဟု ပြောသည်။
သာလွန် OS ဘာသာပြန်မှုဆိုင်ရာများကို Myanmar L10N Group (Myanmar Localization Group) က အဓိက ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ပြီး သာလွန် OS  ရှိ မြန်မာဘာသာပြန်ဆိုမှုများအတွက် မြန်မာ Open Source Developer များ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်သည့် Libre Works ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar L10N Group (Myanmar Localization Group) က ကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Myanmar L10N Group သည် မြန်မာစာသုံး ကွန်ပြူတာ စက်လည်ပတ်မှုစနစ် ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပရှိလူငယ်များ စုဖွဲ့လုပ်ဆောင်နေသော အသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။
သာလွန် OS မှာ ပါဝင်သော ဖေါင့်စာလုံးမှာ Unicode ကို အခြေခံထားပြီး မြန်မာစာသာမက တိုင်ရင်းသားစာပေများဖြစ်ကြသည့် မွန်၊ ရှမ်း၊ ကရင် ဘာသာတို့ကို rendering လုပ်ယူနိုင်ပြီး၊ Linux TharLon OS မှာသာမက Window OS ၊ အခြား Linux နှင့် Mac OS X တွေမှာလဲ Rendering အလုပ်လုပ်သည်။ ၄င်ဖေါင့်ကို ရှမ်းတိုင်းရင်းသား စိုင်းဒီဒီဇွန်က ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ (၄င်းဖေါင့်စာလုံးများအား ရယူနိုင်ပါသည်။ (http://code.google.com/p/tharlon-font/)
သာလွန် စက်လည်ပတ်မှုစနစ်သည် ဦးဘွန်တုလင်းနက်(စ်) ကို အခြေခံထားသော မြန်မာကွန်ပျူတာစနစ် (OS) တစ်ခုဖြစ်သည်။ မြန်မာတို့နှင့် ဆီလျော်အောင် ပြုပြင် မွမ်းမံ ပြန်ဆိုထားသော် မူကွဲတစ်မျိုးလည်းဖြစ်ပါသည်။ သာလွန်သည် အများပိုင်ကွန်ပျူတာစနစ်တစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်း အိုင်တီလုပ်အားပေးများ စုပေါင်းလုပ်ဆောင်ထားကာ အကန့်အသတ်မဲ့ လွတ်လပ်စွာ အခမဲ့ ရယူ၊ သုံးစွဲ၊ ပြန်လည်ဖြန့်ဝေနိုင်သည်ဟု သိရသည်။
ယခုထုတ်လုပ်ခဲ့သော သာလွန်လင်းနစ် OS သည် ကွန်ပျူတာစက်လည်ပတ်စနစ်တွင် မြန်မာစာဖြင့်အသုံးပြုမှုအတွက် ပထမဆုံးစတင်တီထွင်မှုလည်း ဖြစ်သည်။

Opera Browerမှာမြန်မာဖောင့်ပေါ်အောင်




Opera Browser ကတော့ အသုံးပြုတဲ့လူနည်းမယ်ထင်ပါတယ်။ များသောအားဖြင့် mozilla fire fox ကိုပဲသုံးကြတာ များတယ်။ ကျွန်တော်လဲ အရင်က opera ကိုစမ်းသုံးကြည့်ဖူးပါတယ်..မြန်မာစာမြင်ရလို့ အဆင်မပြေဘူးဆိုပြီး မသုံးဖြစ်တော့ တာ။ အခု ၀င်းကမ္ဘာကျော်နည်းပညာဆိုက် ကနေ opera မှာ မြန်မာစာပေါ်အောင်လုပ်တဲ့နည်းလေးတွေ့လို့ ပြန်သုံးတော့မယ်ဗျို့.
ဘာလို့လဲဆိုတော့ opera မှာ function လဲစုံတယ်..firefox ထက်လဲ မြန်တယ်လေ..file sharing ပါလုပ်လို့ ရလို့ တော်တော်လေးအဆင်ပြေပါတယ်။အဓိကအကြိုက်ဆုံးအချက်ကတော့ connection နှေးနေတဲ့အချိန်မှာ opera turbo
ဆိုတဲ့ ဟာလေးသုံးလို့ရတာပါပဲ။ firefox လို add on တွေလဲ သုံးလို့ရပါတယ်။မြန်ဆန်မှုကတော့ firefox ထက်သာတယ်။
ဘယ်အရာမဆို အားသာချက်၊ အားနည်းချက် ဆိုတာရှိစမြဲမို့ ကိုယ်တိုင်အသုံးပြုကြည့်တာအကောင်းဆုံးပါပဲ။

မြန်မာစာပေါ်အောင်လုပ်နည်းကလဲ သိသွားတော့လဲ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး Notepad လေးကို ဖွင့်ပြီး ဒီအောက်က ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။

* , html, body, div, p{font-family:Zawgyi-One !important;}

ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။

ပြီးရင် အဲဒီ User.css Notepad ဖိုင်လေးကို Copy ကူးပြီး

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။အားလုံး ပြီးရင်တော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ.....။
mozilla fire fox ထက်ပိုမြန်ဆန်ပါတယ်
Opera Browser ကိုဒေါင်းချင်ရင်တော့
အဆင်ပြေနိုင်ကြပါစေခင်ဗျာ