Showing posts with label error. Show all posts
Showing posts with label error. Show all posts

Saturday, April 7, 2012

CD/DVD Driver ပြောက်နေခဲ့ရင်

မိမိကွန်ပျူတာမှာ တစ်ခါတစ်လေ အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drive ပျောက်သွားမယ်ဆိုရင် ဘယ်လိုပြန်ဖော်မလဲဆိုတာ ကျနော် ကြုံတွေ့ရလို့ ပြန်လည်မျှဝေတာပါ။ ဒါက vista window သုံးသူများအတွက် ပါ။ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် ဖြေရှင်းတဲ့နည်းလေးပါ။


  • နည်းလမ်း(၁)
  • System restore ပြန်လုပ်တဲ့နည်း။ ထုံးစံအတိုင်း search box မှာပဲဖြစ်ဖြစ်၊ all program> accessories> system tool> system restore ကိုပဲဖြစ်ဖြစ် ဖွင့်ပြီး system restore လုပ်ပါ။
  • နည်းလမ်း(၂)
  • My computer မှ right click> manage> box တစ်ခု ပေါ်လာရင် Device manager ကို click နှိပ်ပါ။ နောက် CD/ DVD Drive အောက်က CD/DVD Device ကို right click> uninstall လုပ်ပါ၊ တကယ်လို့ enable +Disable အကွက်မှာ enable ဖြစ်နေရင် Disable ပေးပြီး ကွန်ပျူတာကို restart လုပ်ပါ။
  • နည်းလမ်း(၃)
  • အပေါ်က (၂) နည်းနဲ့ အဆင်မပြေရင် registry editor မှာ ဖိုင်ကို ၀င်ဖျက်တဲ့နည်းပါ။ ဒီနည်းကတော့ registry မှာ ၀င်ဖျက်မှာ ဖြစ်တဲ့အတွက် သတိထားရပါမယ်။ ဒီအဆင့်မ၀င်ကို file backup လုပ်ထားပါ။ကျနော့် laptop မှာတော့အပေါ်က နည်းလမ်းများနဲ့ မရဘဲ ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်။ win+R> run> regedit> Hkey local machine> system>current control set>control> class >{4D36E965-E325-11CE-BFC1-08002BE10318}
  • ဒီဟာလေးကို တွေ့အောင်ရှာပါ။
  • ပြီးရင် select လုပ်ပါ။ နောက် ဘေးဘောက်စ် ထဲမှာ lower fliters နဲ့ upper filters ဆိုတာ တွေ့ရင် lower filters ကို right click နှိပ်ပြီးတော့ Delete လိုက်ပါ။ restart လုပ်ပါ။ CD/ DVD Device ပြန်ပေါ်လာလိမ့်မယ်။


အဆင်ပြေနိုင်ပါစေခင်ဗျာ အဆင်မပြေတာလေးများရှိရင်ပြန်လည် ညှိနှိုင်းနိုင်ပါသည်.. ကွန်မန်းလေးထားခဲ့ကြပါခင်ဗျား .....

Tuesday, April 3, 2012

Window အတက်မြန်စေမယ့် Hijack This.exe



                   ရှိပြီးသား မိတ်ဆွေများ တော့ သည်းခံပေးပါနော် ကွန်ပျူတာကိုဖွင့်လိုက်ရင် Desktop
မြင်နေရပြီး  Pointer က  Busy ဖြစ်နေတယ်... Screen ညာဘက်အောက်ထောင့်က System Tray area မှာ Startup program လေးတွေက တစ်ခုပြီးတစ်ခု ပေါ်လို့မဆုံးနိုင်ပဲ စောင့်ရတာ
လည်း စိတ်မရှည်တော့ဘူး ဆိုရင် အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့Hijack This ဆိုတဲ့ Program လေးရှိပါတယ်... install လုပ်စရာမလိုဘူး... တန်းသုံးရုံပဲ.. သူက ကွန်ပျူတာဖွင့်ဖွင့်ချင်း run တဲ့ program တွေ၊ Browser
တွေမှာ အပိုဖြစ်နေတဲ့ Toolbar  တွေကို ရှင်းလင်းပေးပါတယ်.. သုံးနည်းကတော့ သူ့ကို ဖွင့်ပြီး Scan ကိုနှိပ်လို့  ထွက်လာတဲ့ list တွေထဲမှာမလို
အပ်ဘူးထင်တာတွေကို အမှန်ခြစ်ပေးပါ... ပြီးရင် Fixed Checked ကို နှိပ်ပြီးကွန်ပျူတာကို restart လုပ်ပါ...အရင်တုန်းကလောက်တော့ မစောင့်ရတော့ဘူးပေါ့....  အသုံးတည့်မယ့် Software လေးပါ... အောက်က Link မှာယူကြပါဗျာ.. လိုင်းမကောင်းလို့ ရတဲ့ Ziddu ကတင်ပေးလိုက်ပါတယ်...အားလုံးလဲ အဆင်ပြေသွားတာပေါ့... :)
 နောက်ထက်.........


အဆင်ပြေနိုင်ကြပါစေခင်ဗျာ ......... ကိုထက်




Sunday, February 26, 2012

Error Repair Professinal V3 (With Seril)


ဒီတစ်ခါ တင်ပေးတဲ့ဆော့ဝဲ ကတော့ ကွန်ပျူတာမှာ ဖြစ်ပေါ်တတ်တဲ့ အမှား


တွေကို အလိုလို ပြုပြင်ပေးတဲ့ ဆော့ဝဲလေးပါ ဆော့ဝဲပေါင်း များစွာထဲမှာမှ

ကောင်းနိုးနိုးရာရာများကိုသာစမ်းသပ် အသုံပြုတင်ပေးနေတာပါ အင်စတော

လုပ်တာများလို့  Window လည်းခဏခဏကျပါတယ် ပြန်တင်တတ်နေတော့


ကြိုက်တာလုပ် ၀င်းဒိုးကျပြန်တင်ရုံပဲ မလေးရှားမှာ Window အခွေတွေ

ဈေးချိုပါတယ် Orginal တော့မဟုတ်ဘူးပေါ့ 8ကျပ်ဆိုရပီ ဆော့ဝဲတွေလည်း

ပေါမှပေါ့ ဗျာ အနီးနားကသူငယ်ချင်းတွေဖတ်မိရင်သိအောင် ပြောပြလိုက်ပါ

တယ် Chaw Center Point အပေါ်ဆုံးထပ် ရုပ်ရှင်ရုံနားမှာပါ ဆော့ဝဲတွေ

အများကြီးဝယ်လို့ ရပါတယ် Window အခွေတွေလည်းပေါ XP ဆို 8ကျပ်ပဲ

ပေးရတယ် 10ပေးလိုက်ရင် ပြန်မအမ်းနဲ့  လို့ (သူကပြောတယ်) 100 ပေးရင်

သဘောရှိတဲ့ (တစ်ခါတုန်းကတက္ကသိုလ်မှာ) ဇာတ်ကားထဲက သတိရလို့ ပါ

အဲ့လိုအဲ့လိုပဲ ဒေါင်းလုပ်ယူရတာ အင်တာနက်မှာအရမ်းကြာတယ် လိုင်းက

လည်း Wifi ဆိုကမကောင်းဘူး BOardband ကလည်းမမြန်ဘူး မြန်တော့

လည်းဈေးကြီးတယ် စကားတွေလွဲကုန်ပီဗျာ အခုတင်ပေးတဲ့ ဆော့ဝဲက

Series Key ပါတယ် Active လုပ်ဖို့  သင့်တော်သလိုသာလုပ်ကြည့် အတော်

လေးကောင်းပါတယ် ကွန်ပျူတာ Error တွေကိုေ န့ တိုင်းရှင်းပေး နေရင်

စက်က သွက်လက်ဖြတ်လပ်ရုံတင်မဟုတ်ဘူး ဖလမ်းဖလမ်းထနေ တော့မှာ

ကဲ ကွန်ပျူတာကလိတဲ့သူတွေ ကွန်ပျူတာနှေးတဲ့သူတွေ ဖလမ်းဖလမ်းထ

ချင်ရင် ဆွဲပေတော့..............................။




Wednesday, November 9, 2011

Smart PC


ဒီဆော့လေးကို သုံးကြည့်ရင် စက်ကို ပေါ့စေပြီး error တွေလည်း တော်တော် ရှင်းပေးနိုင်ပါတယ် အကျိုးအာနိသင် အနေနဲ့ကတော့
၁) Fix Registry Problem
၂) Fix invalid shortcuts
၃) Clean up your tracks . .. . etc . . စသည်တို့ကိုဖြေရှင်းပေးနိုင်ပါတယ်။


How to Install
Smart PC.exe နဲ့Keyfile ကိုပါထည့်ထားပေးပါတယ်
smart Pc .exe ကို double click နှိပ်ပီး run လိုက်ပါ
smart pc ကို Install လုပ်ပြီးရင်မဖွင့်ပဲ ပိတ်လိုက်ပါ ။ key file ကို run လိုက်ပါ၊ Yes နှိပ်ပြီး Ok ကိုနှိပ်ပေးလိုက်ခြင်းဖြင့် သင့်ကိုယ်ပိုင် Fullversion လေးကို အသုံးပြုနိုင်ပါပြီး။

သုံးကြည့်လိုက်ရင် စက်လည်း မြန်လာနိုင်သလို error တွေလည်း ရှင်းလင်းပေးနိုင်တယ် သယ်ရင်းတို့အဆင်ပြေကြလိမ့်မယ်လို့ထင်မိပါတယ် သယ်ရင်းတို့အတွက်အသုံး ၀င်လိမ့်မည်လို့ထင်ရင်တော့ အောက်မှာ smartpcဒေါင်းရန် ဆိုတာလေးကို ကလစ်နှိပ်ပြီးဒေါင်းယူနိုင်ပါတယ်။




Thursday, May 26, 2011

USB ERROR အတွက်ပါ



သယ်ရင်းတို့ တစ်ခါတစ်လေမှာ ကွန်ပြူတာမှာ USB တပ်ဆင်တဲ့အခါမှာအပေါ်ကပုံအတိုင်း
ERROR တွတစ်ခုမဟုတ်တစ်ခုတက်ပြီးသုံးမရဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမှာ
USB ကိုကွန်ပြူတာကနေဖြုတ်ပြီးတော့အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါ။

Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။
Registry Editor တက်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ထိရောက်အောင်သွားလိုက်ပါ။

Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။
အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။

StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက်
New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။

WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ
Value ကို 0 ထည့်ပေးလိုက်ပါ။

ပြီးလျှင်ကွန်ပြူတာကို Restart လုပ်ပြီးUSB ကိုပြန်တပ်ကြည့်လိုက်ပါ
အဆင်ပြေကြပါစေ။


သယ်ရင်းတို့ကိုလေးစားလျှက် ကိုထက်

Monday, March 7, 2011

Re-Enble V2.0



ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေမှာ ဗိုင်းရပ်ဝင်လို့ပဲဖြစ်ဖြစ် Error တခုခုကြောင့်ပဲဖြစ်ဖြစ်
Task Manager,Regedit, System Restore, Contex Menu, Cmd Console, Control Pannel, My Computer,
Ms-Config, Run, Folder Option, Search, Tesk Schedular စသဖြင့် ဖွင့်လို့မရတော့ရင်
အခုဖော်ပြပေးထားတဲ့ Re-Enable V2.exe လေးက အဆင်ပြေအောင်ဖြေရှင်းပေးနိုင်မှာ
အသေချာပါ။ သူကို Run လိုက်ပြီးက အထက်မှာဖော်ပြထားတဲ့ပုံအတိုင်း ပေါ်လာမှာဖြစ်ပါတယ်
ထို့နောက် Re-Enable Button လေးကိုနှိပ်လိုက်ပြီး ကွန်ပျူတာကို Restart ပြန်လုပ်ပေးလိုက်ပါက
ကျွန်တော်တို့ပျောက်နေတဲ့ အရာတွေပြန်ရသွားမှာပါ။