Showing posts with label Download လုပ်နည်းများ. Show all posts
Showing posts with label Download လုပ်နည်းများ. Show all posts

Monday, February 20, 2012

http://adf.ly မှ ဒေါင်းနည်း

ကျွန်တော် နောက်ဆိုရင် http://adf.ly/ ဆိုက်ကနေ link တွေကို ချိတ်ပေးသွားမှာဖြစ်ပါတယ် . ဘယ်လိုမျိုး Download ချရမလဲဆိုရင်တော့ လွယ်ပါတယ် . link တစ်ခုရလာပြီဆိုရင် အဲ့ဒီ့ webpage ရဲ့ ညာဖက်အပေါ်မှာ ပုံထဲကပြထားတဲ့အတိုင်း SKIP AD ဆိုတဲ့ အ၀ါရောင်စာသား လေးကို နှိပ်ပေးလိုက်တာနဲ့ Download လုပ်ရမယ့် ဆိုက်ကို ရောက်သွားပါလိမ့်မယ် . အားလုံးပဲ အဆင်ပြေပါစေလို့ မျှော်လင့်မိပါတယ် . (ပုံကြီးချင်လျှင် ကလစ်နှိပ်ပါ)

Utorrent File တွေကို ဒေါင်းနည်း

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်

မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..

RapidShare မှ ဒေါင်းနည်း


http://rapidshare.com/files/132506476/ConvDocPDFWordv350-smforum.net.rar.html အဲ့လိုမျိုး လင့်ကဆိုရင် rapidshare.com က ဒေါင်းရမှာပါ ...


(၁) အဲ့ဒီ့လင့်ကို address box ထဲမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ..
(၂) ပုံ-၁ မှာ ပြထားသလို free user ကို ရွေးပါ ..
(၃) ပြီးလျှင် ခဏစောင့်လိုက်ပါ ... Download ချဖို့ လင့်ကျလာပါလိမ့်မယ် .. လွယ်ပါတယ် ..

File size 100 အထက်ဖိုင်တွေကို Upload တင်နည်း

အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..

ပုံ(၁)
ပုံ(၂)


ပုံ(၃)

ပုံ(၄)



(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..


အဆင်

MEGAUPLOAD မှဒေါင်းနည်း





http://www.megaupload.com/?d=DQW67I4U အခုလို လိပ်စာတစ်ခုရလာပြီဆိုရင်တော့ megaupload ကနေ download လုပ်ရတော့မှာ အသေအချာပါပဲ .. လုပ်နည်းက လွယ်ပါတယ် .. ရလာတဲ့ လိပ်စာကို Address box မှာ ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. ပြီးတာနဲ့ download ကျလာဖို့ ပုံ(၃)လို နဲနဲတော့စောင့်ရမှာဖြစ်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၀ယ်သုံးတာမဟုတ်ဘဲ အကောင့်ကို ဖရီးသုံးတယ် . Free အနေနဲ့ သုံးတာဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကိုတော့ စောင့်မှရမယ်လေ .. ပုံ(၄) ကတော့ နောက်ဆုံးပုံပါ .. regular download ကို နှိပ်လိုက်တာနဲ့ download ကျလာပါလိမ့်မယ် ..

Thursday, February 16, 2012

ZShare ဖြင့် Download လုပ်နည်း

ဒါက တော့ zshare ဆိုက်ကနေ download လုပ်နည်းပါ .. ပုံလေးတွေနဲ့ပြထားပါတယ် . လုံးဝကို download လုပ်တယ်ဆိုတာကို မသိတဲ့သူများအတွက် လုပ်ထားပေးတာပါ ..














အဆင်ပြေနိုင်ပါစေခင်ဗျာ အဆင်မပြေတာများရှီရင်ပြန်လည်ညှိနိုင်းဆွေးနွေးနိုင်ပါသည်ခင်ဗျာ

Tuesday, December 27, 2011

4Share ဆိုဒ်မှဒေါင်းနည်း











4shared ဟာလဲ ဖိုင်တွေကို share ပေးဖို့အတွက် download ထုတ်ပေးတဲ့ file hosting ဆိုက်တစ်ခုပါပဲ .. သူနဲ့ဘယ်လို download လုပ်မလဲဆိုရင် အောက်မှာပုံနှင့်ပြထားပါတယ် .. တတိယအဆင့်ကိုနှိပ်ပြီးတာနဲ့ download
လုပ်နေတာကို တွေ့ရပါလိမ့်မယ် .




Mediafire မှဒေါင်းနည်

Mediafire မှာ file တွေကို တင်ချင်လို့ပဲဖြစ်ဖြစ် .. တင်ပြီးသားဖိုင်တွေကို download လုပ်ချင်လို့ပဲဖြစ်ဖြစ် .. သိရအောင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ .. အခု ကျွန်တော် download လုပ်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . ဒါပေမယ့် စုံသွားအောင်လို့ ရေးလိုက်တာပါ .. share ခွဲပေးထားတဲ့ download link တွေဟာ အောက်က ဥပမာပုံစံလိုမျိုး dl link ထုတ်ပေးပါတယ် .

http://www.mediafire.com/?hd2u3y24h8855rz

အဲ့လိုလင့်လေးကနေ ပြန်ပြီးတော့ download လုပ်ယူမယ်ဆိုရင် လင့်လေးကို copy ကူးပြီး address box မှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးကိုကြည့်လိုက်ပါ ..


အဆင်ပြေကြပါစေခင်ဗျာ

Ifile.it မှဒေါင်းနည်း

သိပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူးဗျာ . တစ်ချို့ကမေးမေးနေလို့ တင်လိုက်တာပါ.
အခုမြင်နေရတဲ့ပုံအတိုင်း Request Download Ticket ဆိုတာလေးကို နှိပ်လိုက်ပါ ...

Image Hosted by ImageShack.us

ဒုတိယအကြိမ် ပေါ်လာတဲ့ Download ဆိုတာလေးကို နှိပ်လိုက်ရင်တော့ download ကျလာပါပြီဗျာ.

အဆင်ပြေကြပါစေ